သပိတ်ကျင်းမြို့နယ် မြစ်အနီးကျေးရွာမှာ စစ်ကောင်စီက ဒေသခံ ၅၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းထားတာ လေးရက်မြောက်သွားပြီလို့ ဒေသခံတွေပြော

ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ် - A podcast by BBC Burmese Radio

Podcast artwork

နီဂျဲမှာ အာဏာသိမ်းစစ်သားတွေ ၁၅ ရက်အတွင်း စစ်တန်းလျား ပြန်ကြဖို့ အာဖရိကသမဂ္ဂ တောင်းဆို၊ သပိတ်ကျင်းမြို့နယ်က မြစ်အနီးကျေးရွာမှာ စစ်ကောင်စီက ဒေသခံ ၅၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးထားတာ လေးရက်မြောက် ရှိသွားပြီလို့ ဒေသခံတွေပြော၊ စစ်တပ်အရန်အင်အားကို ရောက်နေတဲ့ ဗိုလ်ချုပ်အဆင့်ကနေ ဗိုလ်မှူးကြီးအဆင့်အထိ စစ်တပ်အရာရှိ ၅၀ ကျော် အနားပေး ခံလိုက်ရ၊ မြန်မာနိုင်ငံထဲမှာ အလုပ်ရမယ်ဆိုတဲ့ လိမ်လည်ခေါ်ယူမှုတွေကြောင့် အိမ်နီးချင်းနိုင်ငံတွေက သူတို့နိုင်ငံသားတွေကို သတိပေးချက် ထုတ်ပြန်ထား၊ တရုတ်မှာ ဒေါ့ခ်ဆူရီမုန်တိုင်း အနီရောင် သတိပေးချက် ထုတ်ပြန်ထား၊ ထိုင်းမှာ မီးပန်း သိုလှောင်ရုံပေါက်ကွဲမှုအတွင်း လူ ၉ ဦးသေဆုံး၊ တစ်ရာကျော်ဒဏ်ရာရ၊ ဘင်္ဂလားဒေ့ရှ်မှာ အစိုးရဆန့်ကျင် ဆန္ဒပြသူတွေကို ရဲက အင်အားသုံးဖြိုခွဲ

Visit the podcast's native language site